ပြည်ကြီးမဏ္ဍိုင် ဇွန် ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ဒေသခံပြည်သူများသည် အများအားဖြင့် နှစ်တို၊ နှစ်ရှည်ပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်ကြပြီး အလေ့ကျပေါက်လျက်ရှိသည့် အသီးအရွက်များကိုလည်း ဆွတ်ခူးရောင်းချလျက်ရှိရာ ဆီအုန်းမှိုများ ခူးဆွတ်ရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်မြို့ရပ်ကွက်နှင့် (၃) မိုင်အကွာရှိ ဆီအုန်းခြံများအတွင်း၌ ဆီအုန်းစက်ရုံမှ ဆီအုန်းသီးကြိတ်ပြီး ထွက်ရှိလာသော ကြိတ်ဖတ်များကို ဆီအုန်းပင်များကြားတွင် လာရောက်စုပုံထားရာ အဆိုပါ ကြိတ်ဖတ်များမှ မိုးရေကြောင့် ဆီအုန်းမှိုများထွက်ရှိလာပြီး ဆီအုန်းမှိုလေးဘူးဝင် (၁) ထုတ်လျှင် (၂၅၀၀) ကျပ် ရရှိရာ ဒေသခံပြည်သူများအနေဖြင့် လိုက်လံခူးဆွတ်ရောင်းချခြင်းဖြင့် အပိုဝင်ငွေ ရရှိကြောင်း သိရသည်။
အဆိုပါ ဆီအုန်းမှိုများကို ကန်စွန်းရွက်နှင့်ရောနှော၍ ကြော်ခြင်း၊ မှိုတုံယမ်းဟင်းလျာ အဖြစ်ချက်ပြုတ် စားသုံးကြကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)