သာစည် ဇွန် ၁၆
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီက စတင်ပြန်လည် ဖြေဆိုရာ စာစစ်ဌာန ၅ ခုဖြင့် ကျောင်းသား/သူ ၁၃၂၉ ဦး အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
စာစစ်ဌာန ၅ ခုတွင် အထက (၁) စာစစ်ဌာန၌ ကျောင်းသား/သူ ၅၅၃ ဦးစာရင်းရှိရာ ဖြေဆိုသူ ၅၄၄ ဦး၊ အထကညောင်ရမ်း၌ ကျောင်းသား/သူ ၂၃၂ ဦးစာရင်းရှိရာ ဖြေဆိုသူ ၂၂၈ ဦး၊အထကဟံဇား၌ ကျောင်းသား/သူ ၂၁၄ ဦးစာရင်းရှိရာ ဖြေဆိုသူ ၂၁၄ ဦး၊အထကမယ်ဇလီကန်၌ ကျောင်းသား/သူ ၂၂၈ ဦးစာရင်းရှိရာ ဖြေဆိုသူ ၂၂၇ ဦး၊ အထကယင်းမာပင်၌ ကျောင်းသား/သူ ၁၁၆ ဦးစာရင်းရှိရာ ဖြေဆိုသူ ၁၁၆ ဦးတို့ ဝင်ရောက်ဖြေဆိုရာ ပျက်ကွက်သူ စုစုပေါင်း ၁၄ ဦးဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။ကျောင်းသား/သူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက် အပြင်စည်း လုံခြုံရေးကို မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊မီးသတ်တပ်ဖွဲ့ဝင်များ၊စာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အထောက်အကူပြု အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုပြီး အပြင်စည်းလုံခြုံရေးအဖွဲ့များ၊ စာစစ်ဌာန တာဝန်ရှိသူများနှင့် တွေ့ဆုံကာ အားပေးစကားများ ပြောကြား၍ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)