ကြည့်မြင်တိုင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်

ကြည့်မြင်တိုင် ဇွန် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် ကြည့်မြင်တိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်ဇာလင်းက ဗလငါးတန်နှင့်ပြည့်ဝသည့် လူငယ်များဖြစ်ပေါ်လာစေရန်အတွက် စာဖတ်ရမည်ဖြစ်ကြောင်း၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်း၊ စာဖတ်သည့်အလေ့အထ ဖြစ်ပေါ်လာစေရန် စသည့် အကြောင်းအရာများ ဟောပြောခဲ့ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများအား ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပရာ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများချီမြှင့်ခဲ့ကြောင်း သိရသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည် မူးယစ်အသိပညာပေး နံရံကပ်စာစောင်များနှင့် လူကုန်ကူးမှု နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)