လှည်းကူးမြို့နယ် စစ်ကိုင်းဘုန်းတော်ကြီးကျောင်း၌ Pfizer COVID-19 JN1 ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေး

လှည်းကူး ဇွန် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင် လှည်းကူးမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Pfizer COVID-19 JN1 ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသောင်းဒန်ဦးဦးဆောင်၍  ကျန်းမာရေးဝန်ထမ်းများက ဇွန်လ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကိုင်းဘုန်းတော်ကြီးကျောင်းရှိ  သံဃာတော်များအား ထိုးနှံပေးလျက်ရှိသည်။

ထိုသို့  ထိုးနှံဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက အသက် ၁၈ နှစ်ပြည့်ပြီး ကိုဗစ်-၁၉ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ ထိုးနှံခဲ့ခြင်း မရှိသူများနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီး ခြောက်လပြည့်ပြီးသူများအား Pfizer COVID-19 JN1 ကာကွယ်ဆေးထိုးနှံပေးခြင်းကို လှည်းကူးမြို့နယ်၊ စစ်ကိုင်းဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်(၂၅၇)ပါးနှင့် လူပုဂ္ဂိုလ်(၂၅)ဦးတို့အား ကိုဗစ်-၁၉ရောဂါကာကွယ် ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

အေးအေးနွဲ့(လှည်းကူး)