လှိုင်မြို့နယ်၌ ကိုဗစ်ကာကွယ်ဆေး(၈၂၂)ဦး ထိုးနှံပေး

လှိုင် ဇွန် ၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်ခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (Pfizer JN1 COVID 19) ထိုးနှံပေးခြင်းကို ဇွန် ၁၄ ရက်နေ့ နံနက် (၁၀)နာရီအချိန်က စတင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆေးထိုးနှံပေးရာတွင် လှိုင်မြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးရန်ကျန်ရှိနေသောသူများ၊ အသက် ၁၈ နှစ်ပြည့်ပြီး ကိုဗစ်ကာကွယ်ဆေးတစ်ကြိမ်တစ်ခါမှ ထိုးနှံခဲ့ခြင်းမရှိသူများနှင့် ကာကွယ်ဆေးထိုးနှံပြီး ခြောက်လပြည့်ပြီးသူများအား(Pfizer JN1)ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ရာ စုစုပေါင်း(၈၂၂)ဦးထိုးနှံပေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ဦးတည်အုပ်စုအလိုက် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူ့များအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး(Pfizer Comirnart JN1COVID 19)ကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှ သိရသည်။

ဇော်ကြီး (ပြန်/ဆက်)