ဇေယျာသီရိ ဇွန် ၁၆
၂၀၂၅ ခုနှစ်၊ ပြန်လည်ကျင်းပသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဇေယျာသီရိမြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများမှ ယနေ့နံနက် ၉ နာရီက မြန်မာစာဘာသာရပ် ဖြေဆိုခဲ့ရာ စာစစ်ဌာနငါးခုတွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူပေါင်း ၁၃၉၉ ဦး၊ ဖြေဆိုသူပေါင်း ၁၃၉၅ ဦး၊ ပျက်ကွက်သူပေါင်း ၄ ဦး၊ ၉၉ ဒသမ ၇၁ ရာခိုင်နှုန်းဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဇေယျာသီရိမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေး ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးကိစ္စရပ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)