ဝမ်းတွင်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

ဝမ်းတွင်း ဇွန် ၁၆

ဝမ်းတွင်းမြို့နယ်၌ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခြင်းကို  ဇွန်လ (၁၆) ရက်နေ့မှစတင်၍ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် ကျင်းပလျက်ရှိရာ ကျောင်းသား/သူများမှ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုလျက်ရှိ ကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဝမ်းတွင်းမြို့နယ်အနေဖြင့် စာစစ်ဌာန (၃) ခု ဖွင့်လှစ်ထားရှိပြီး မြန်မာစာဘာသာရပ်တွင်ဖြေဆိုသူ ကျောင်းသား/သူအနေဖြင့် ကျား (၄၄၂) ဦး၊ မ (၆၆၂)ဦး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၁၁၀၄) ဦး၊(၉၉.၇၃%)က ဝင်ရောက်ဖြေဆိုလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးဦးဆောင်၍ ဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ်လျက်ရှိသည်။

အဆိုပါ  တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက လိုအပ်သည်များကို အချိန်နှင့်တပြေးညီကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)