မတ္တရာမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာဘာသာရပ် ဒုတိယအကြိမ်ပြန်လည်ဖြေဆို

မတ္တရာ ဇွန် ၁၆

၂ဝ၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒုတိယအကြိမ်ပြန်လည်ဖြေဆိုခြင်းကို ယနေ့ ဇွန်လ ၁၆ ရက်နေ့မှ စတင်၍ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် ထီးတော်မိုးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ စာစစ်ဌာန (၁) ခု ဖွင့်လှစ် ကျင်းပဖြေဆိုလျက်ရှိသည်။

မတ္တရာမြို့နယ်၌ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသူ ကျား (၆၅) ဦး၊ မ (၉၅) ဦး စုစုပေါင်း (၁၆၀) ဦးရှိပြီး ယနေ့မြန်မာစာဖြေဆိုသည့်နေ့တွင် ကျား (၆၄) ဦး၊ မ (၉၄) ဦး စုစုပေါင်း (၁၅၈) ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ဖြေဆိုမှုရာခိုင်နှုန်း ၉၈.၇၅% ရှိခဲ့ပြီး ကျောင်းသား (၁) ဦးမှာ ကျန်းမာရေးမကောင်းမွန်သည့်အတွက် မန္တလေးပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော လစ်ပိုအချိုရည်ဘူးများအား မြို့နယ်တာဝန်ရှိသူများမှ ကျောင်းသား၊ ကျောင်းသူများအား ပေးဝေခဲ့ကြသည်။

ကျောင်းသား/ကျောင်းသူများ စာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဆရာ/ဆရာမများမှ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)