စဉ့်ကိုင်မြို့နယ်၌ ရေဘေးအန္တရာယ် အသိပညာပေးဟောပြော

စဉ့်ကိုင် ဇွန် ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ရေဘေးအန္တရာယ် အသိပညာပေးဟောပြောကို ယနေ့နံနက် ၁၀ နာရီအချိန်က ဘယ်လင်းကျေးရွာအုပ်စု၊ ဉာဏ်ကွေ့ကျေးရွာအတွင်းရှိ ရွာဦးဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ (ကိုယ်စား) ‌ဗိုလ်မှူး ပြည့်ဖြိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အဖွဲ့ဝင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကြည်ဇော်ထိုက်က ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် လက်တွေ့သရုပ်ပြသခြင်းများ ဆောင် ရွက်ခဲ့ပြီး တက်ရောက်လာသူများအား ရေဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)