ချမ်းမြသာစည် ဇွန် ၁၆
ချမ်းမြသာစည်မြို့နယ်တွင် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ၂၀၂၅ ခုနှစ် ဇွန်လတွင် ပြန်လည်ကျင်းပဖြေဆိုကြရသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့နံနက်ပိုင်းမှ စတင်၍ စာဖြေဌာနများ၌ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုခြင်းတွင် စာဖြေဌာန (၆) ခုဖြင့် စစ်ဆေးခဲ့ရာ ယနေ့မြန်မာစာဘာသာရပ်ဖြေဆိုသည့်ရက်တွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၁၃၆) ဦး လာရောက်ဖြေဆိုသူ (၂၁၀၂) ဦး ဖြေဆိုခဲ့ပြီး စာဖြေဌာန (၆) ခုတွင် ဖြေဆိုရန် စာရင်းရှိအရ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၄) ဦး ပျက်ကွက်ကြောင်း သိရသည်။
ချမ်းမြေ့