လေးမျက်နှာ ဇွန် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ကျောင်းအပ်နှံရန်ကျန်ရှိသော ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် အခြေခံပညာ ဆက်လက်တက်ရောက်သင်ကြား နိုင်စေရေးအတွက် ယမာန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူရစိုးနှင့်အဖွဲ့က နင်းကြမ်းကျေးရွာရှိ နေအိမ်များသို့ လိုက်လံကွင်းဆင်း၍ တွေ့ဆုံပြီး အားပေးကူညီဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းတွေ့ဆုံရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်သူရစိုးနှင့် တာဝန်ရှိသူတို့က နင်းကြမ်းကျေးရွာတွင် နေထိုင်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူအား ကျောင်းအပ်နှံရေးနှင့် ပညာဆက်လက်သင်ယူနိုင်ရန် အခက်အခဲများအား မေးမြန်းကာ ကျောင်းအပ်နှံရေးအတွက် သက်ဆိုင်ရာ ကျောင်းအုပ်များဖြင့် ချိတ်ဆက်ကူညီပေးခဲ့သည်။
လေးမျက်နှာမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နှံရန် ကျန်ရှိနေသူများအား သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့်ပေါင်းစပ်၍ ကျောင်းအပ်နှံရေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)