အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)ရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer ထပ်ဆောင်းထိုးနှံပေး

ဒဂုံတောင် ဇွန် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများ၊‌ ကျောင်းသား၊‌ ကျောင်းသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်၊ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့် လုပ်ငန်းများ‌ ဆောင်ရွက်နိုင်ရေးတို့အတွက် ကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံပေးခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ဇွန် ၁၃ ရက်နေ့ မွန်းလွဲပိုင်းက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၃၅၅ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer Comirnaty JN.1 ထပ်ဆောင်းထိုးနှံပေးကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသုဝေ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက တစ်ဦးချင်းအချက်အလက်များ ကောက်ယူ၍ Pfizer ကာကွယ်ဆေးထပ်ဆောင်းထိုးနှံပေးခြင်းဖြစ်ပြီး ယင်းကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းအားဖြင့် ကိုဗစ်-၁၉ ရောဂါသည် အသက်ရှုလမ်းကြောင်းမှတစ်ဆင့် ဖြစ်ပွားတတ်သည့် ရောဂါဖြစ်၍ ပြင်းထန်မှုနှင့် သေဆုံးမှုကို လျှော့ချနိုင်မည်ဖြစ်ကာ ကာကွယ်ဆေးထိုးနှံရာတွင် အသက် ၁၈ နှစ်နှင့် အထက်ရှိသူများအား ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

သန်းသန်းအေး