တပ်ကုန်း ဇွန် ၁၆
၂၀၂၅ ခုနှစ်၊ ပြန်လည်ကျင်းပသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တပ်ကုန်းမြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများမှ ယနေ့နံနက် ၉ နာရီက မြန်မာစာဘာသာရပ်ဖြေဆိုခဲ့ရာ စာစစ်ဌာနရှစ်ခုတွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူပေါင်း ၁၈၁၆ ဦး၊ ဖြေဆိုသူပေါင်း ၁၇၉၃ ဦး၊ ပျက်ကွက်သူပေါင်း ၂၃ ဦး၊ ၉၈ ဒသမ ၇၃ ရာခိုင်နှုန်း ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တပ်ကုန်းမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေး ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးကိစ္စရပ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင်စိုးလွင်