ဗိုလ်တထောင် ဇွန် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ ဓမ္မာစရိယစာအောင်သံဃာများနှင့် ပါဠိပထမပြန်စာအောင်သံဃာများ အောင်လက်မှတ်ဆက်ကပ်ပူဇော်ပွဲအခမ်းအနားကို ဇွန် ၁၃ ရက်နေ့ ညနေ ၃ နာရီအချိန်က ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဆိပ်ကမ်းလုပ်သားပေါင်းစုံဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပေးပြီး ဗိုလ်တထောင်မြို့နယ် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်မဟာသဒ္ဓမ္မဇောတိက ဓဇဘဒ္ဒန္တသီလဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်းနှင့် အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူခဲ့ကြသည်။
ထို့နောက် ဗိုလ်တထောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်မှ သာသနာရေးဆိုင်ရာများ တင်ပြလျှောက်ထားခြင်း၊ ပါဠိပထမပြန်စာမေးပွဲ ဩဝါဒစရိယဆရာတော်များ၊ ကြီးကြပ်ဆရာတော်များ၊ ပင့်သံဃာတော်များအား လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ စာအောင်သံဃာတော်များအား(၆)တိုက်အား ကျောင်းတိုက်(၁)တိုက်လျှင် ဆန်(၂၄)ပြည် (၁)အိတ်နှင့် ဆီ(၁၀) ပိဿာပုံး(၁) ပုံးဆက်ကပ်လှူဒါန်းခြင်း၊ ၂၀၂၄ ခုနှစ်၊ ဓမ္မာစရိယအောင်သံဃာများနှင့် ပါဠိပထမပြန်စာအောင်သံဃာများအား အောင်လက်မှတ်နှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်အလှည့်ကျဂေါပကဥက္ကဋ္ဌနှင့် ရုံးအဖွဲ့မှူး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ညွန့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ အစရှိသည့် တာဝန်ရှိသူအသီးသီးတို့က ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
၎င်းနောက် မင်္ဂလာရာမပါဠိတက္ကသိုလ်ကျောင်းတိုက်၏ ဦးစီးပဓါနနာယက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တပညာသာရာဘိဝံသထံမှ လှူဒါန်းမှုအစုစုအတွက် ရေစက်ချအနုမောဒနာတရားနာယူခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု (၃) ကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
ထိုအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ဂေါပကအလှည့်ကျဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရုံးအဖွဲ့မှူး၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ခင်ဝင်း (ပြန်/ဆက်)