ကျောက်ဆည်မြို့၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား/ကျောင်းသူများ စတင်ဖြေဆို

ကျောက်ဆည် ‌ဇွန် ၁၆

မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင် တန်းစာမေးပွဲကို ဇွန်လ (၁၆) ရက်နေ့ နံနက် (၉) နာရီက စာဖြေဌာန (၅) ခုတွင် ကျင်းပလျက်ရှိရာ ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ စတင်ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသည့် ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြေဆိုနိုင်ရေး အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ မင်းစုအခြေခံပညာအထက်တန်းကျောင်း၊ သံရွာအခြေခံပညာအထက်တန်းကျောင်းများ၌ စာဖြေဌာနများဆောင်ရွက်ပေးခဲ့ပြီး အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူ (၃၂၁) ဦး၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူ (၄၄၁) ဦး၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/ ကျောင်းသူ (၃၃၉) ဦး၊ မင်းစုအခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူ (၁၇၅) ဦး၊ သံရွာအခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူ (၂၀၈) ဦး စုစုပေါင်း (၁၄၈၄) ဦး ဖြေဆိုခဲ့ပြီး ရာခိုင်နှုန်း(၉၈.၆၀) ရှိကြောင်း သိရသည်။

ကျောင်းသား/ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာဖြေဆိုနိုင်ရေး ကျောက်ဆည်ခရိုင် စီမံအုပ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှုများ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးများ  စနစ်တကျဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)