ကျောက်ဆည်မြို့နယ်၊ တိုက်နယ်(၁၂)မှကျေးရွာအုပ်စု(၇)ခုတွင် စီမံကိန်းမိုးကြိုသီးနှံမျိုးစုံ (၅၆၂၆)ဧက စိုက်ပျိုး

ကျောက်ဆည် ဇွန် ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းစီမံကိန်းသီးနှံများ လျာထားချက်ပြည့်မီကျော်လွန်ရေး ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ  ၂၀၂၅-၂၀၂၆ခုနှစ် မိုးကြိုရာသီ၌ တိုက်နယ်(၁၂)မှ ကျေးရွာအုပ်စု (၇)အုပ်စုတွင် စီမံကိန်းမိုးကြိုသီးနှံမျိုးစုံ (၅၆၂၆)ဧက စိုက်ပျိုးခဲ့ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

တိုက်နယ်(၁၂)တွင် ကျေးရွာအုပ်စုပေါင်း(၇)အုပ်စုပါဝင်ပြီး နွေစပါးစီမံကိန်းသီးနှံများကို ဆူလေကုန်း၊ ပေါက်ပင်ကွေ့၊ မြေစိုမိုး၊ ပဲခင်း၊ ပေါင်လောင် ကျေးရွာအုပ်စုတို့တွင်(၁၈၆)ဧက၊ နွေနှမ်းစီမံကိန်းသီးနှံများကို ဆူလေကုန်း၊ ပေါက်ပင်ကွေ့၊ မြေစိုမိုး၊ ပဲခင်း၊ ပေါင်လောင် ကျေးရွာအုပ်စုများတွင်(၅၃၁၀)ဧက၊ ပဲတီစိမ်း စီမံကိန်းသီးနှံများကို ဆူလေကုန်းကျေးရွာအုပ်စုတွင်(၃၀)ဧက၊ ချည်မျှင်ရှည်ဝါစီမံကိန်းသီးနှံများကို ပေါင်လောင် ကျေးရွာအုပ်စုတွင်(၁၀၀)ဧက စုစုပေါင်း(၅၆၂၆)ဧက စိုက်ပျိုးခဲ့ကြောင်း သိရသည်။

စီမံကိန်းသီးနှံများ လျာထားချက်ပြည့်မီရေးနှင့် အောင်မြင်ဖြစ်ထွန်းရေး မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှ တောင်သူများနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်မောင်၊ ကျောက်ဆည်