ပြည်ကြီးတံခွန်မြို့နယ်အတွင်း တက္ကသိုလ်ဝင်စာဖြေဌာနများ‌ ကျောင်းဘေးရှိ နေအိမ်များအား မီးလောင်မီးလန့်မှု မရှိစေရေး မီးသတ်တပ်ဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်ပေး

ပြည်ကြီးတံခွန် ဇွန် ၁၆

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာဖြေဌာနများ‌ ကျောင်းဘေးရှိ နေအိမ်များအား မီးလောင်မီးလန့်မှုမရှိစေရေး မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းမှ စတင်၍ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်ကြီးမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာဖြေဌာန‌များဖြစ်သည့် (ဈ) ရပ်ကွက်ရှိ အ.ထ.က(၂၇) ကျောင်းဘေးရှိ နေအိမ်များကိုလည်းကောင်း၊ ငွေတော်ကျီကုန်းရပ်ကွက်ရှိ အ.လ.က (၁၁) ဘေးရှိ နေအိမ်များကိုလည်းကောင်း စာမေးပွဲဖြေဆိုစဉ်ကာလအတွင်း မီးလောင်မီးလန့်မှု မဖြစ်ပွားစေရေးအတွက် ပြည်ကြီးတံခွန် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦး ဦးဆောင်၍ သန္ဓ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ရာအိမ်မှူးတို့ဖြင့် ပူးပေါင်းကာ မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးအကြံပြုချက်လုပ်ငန်းများဆောင်ရွက်‌ပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင်