ငါန်းဇွန်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသည့် စာစစ်ဌာနသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေး

ငါန်းဇွန် ဇွန် ၁၆

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ် ဖြေဆိုလျက်ရှိသော ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ယနေ့နံနက် ၉နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကြည့်ရှုအားပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္က ဦးမျိုးမင်းသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ကျောင်းသား/သူများ တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာ ဖြေဆိုနေကြသည့် စာဖြေခန်းများသို့ သွားရောက်ကြည့်ရှု အားပေးကြပြီး စာစစ်ဌာနတွင် တာဝန်ထမ်းဆောင်ကြသည့် ကြီးကြပ်ရေးမှုးများ၊ တာဝန်ရှိသူများ၏ မေးခွန်း/ အဖြေလွှာများ လုံခြုံရေးကဏ္ဍအလိုက်ဆောင်ရွက်မှု၊ စာရေးကိရိယာများ အသင့်စီစဉ်ထားရှိမှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ ကျောင်းဝင်းအတွင်း/အပြင် မီးဘေး၊ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်မှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ စနစ် တကျဆောင်ရွက်ထားရှိကြောင်း သိရသည်။

အ.ထ.က(ငါန်းဇွန်)စာစစ်ဌာနတွင် ၂၀၂၅.ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ကျောင်းသား/သူ စာရင်းရှိ ၂၈၅ ဦး၊ ဖြေဆိုသူ ၂၇၇ ဦး၊ ပျက်ကွက် ၈ ဦးဖြစ်ပြီး ဖြေဆိုသူရာခိုင်နှုန်း (၉၇.၁၉%) ရှိကြောင်း သိရသည်။                             

သက်နောင်ဦး(ငါန်းဇွန်)