မိတ္ထီလာ ဇွန် ၁၆
မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန်လ ၁၆ ရက်နေ့ နံနက် ၉နာရီအချိန်က စတင်ကျင်းပရာ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၃၆၉၄ ဦး ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပြန်လည်ကျင်းပခဲ့ရာ မိတ္ထီလာမြို့နယ်တွင် စာစစ်ဌာနများဖြစ်သည့် အထက(၁)၊ အထက(၂)၊ အထက(၃)၊ အထက(၄)၊ အထက(၅)၊ အထက(၆) အထက(တောမ)၊ အထက(ရေဝေ)၊ အထက(အလည်ရွာ) စသည့် စာစစ်ဌာန (၉)ခုဖြင့် ကျင်းပရခဲ့ရာ မြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ၁၆၁၇ ဦး၊ ကျောင်းသူ ၂၁၀၄ ဦး စုစုပေါင်း ၃၇၂၁ ဦးရှိရာ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား ၁၆၀၀ ဦး ၊ ကျောင်းသူ ၂၀၉၄ ဦး စုစုပေါင်း ၃၆၉၄ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)