တောင်သာ ဇွန် ၁၆
မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉နာရီမှစ၍ စာစစ်ဌာန (၄)ခုတွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တောင်သာမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြရာ စာစစ်ဌာန (၄) ခုဖြစ်သည့် အထကတောင်သာ၊ အထကဝဲလောင် ၊အထက ဇဂျမ်း၊အထက ကျောဇီတို့တွင် ကျောင်းသား(၂၅၈) ဦး၊ ကျောင်းသူ(၄၇၁)ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ(၇၂၉)ဦးအနက် မြန်မာစာဘာသာရပ်ကို ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၂၃၅)ဦး၊ ကျောင်းသူ(၄၄၆)ဦး စုစုပေါင်း ကျောင်းသားကျောင်းသူ(၆၈၁) ဦး (၉၃.၄၂) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထိုသို့ဖြေဆိုရာတွင် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရန် မြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးဟန်သူရနှင့်အဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)