မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များ ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုနေမှုအား ကြည့်ရှုအားပေး

ပျော်ဘွယ် ဇွန် ၁၆

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် ၂၀၂-၂၀၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုမှုကို ဇွန်လ (၁၆) ရက်နေ့ နံနက် (၉) နာရီမှ စတင်ကျင်းပလျက်ရှိပြီး သတ်မှတ်စာစစ်ဌာနများတွင် မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်း သူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။ 

ထိုကဲ့သို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရာသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များ၊ ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်မြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာစိုးနှင့်အဖွဲ့ဝင်များသည် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေမှုအားလည်းကောင်း၊ ငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကျောင်းသူတစ်ဦး မြို့နယ်ပြည်သူ့ဆေးရုံတွင် ဖြေဆိုနေမှုကိုလည်းကောင်း ကြည့်ရှုအားပေးသည်။

ပျော်ဘွယ်မြို့နယ်တွင် စာစစ်ဌာန(၈)ခုဖြစ်သည့် အ.ထ.က(၁)၊ အ.ထ.က(ယင်းတော်)၊ အ.ထ.က(ရန်အောင်)၊ အ.ထ.က(အရှေ့လျှော်ဖြူကုန်း)၊ အ.ထ.က တောင်ညောင်ကုန်း(ပန်းစုံ)၊ အ.ထ.က(ရွှေညောင်ဖူး)၊ အ.ထ.က(ရွာသစ် အနောက်)၊ အထက(မြောက်ညောင်ကုန်း)တို့၌ ၂၀၂ခု နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲပြန်လည်ဖြေဆိုရန် စာရင်းရှိ ကျောင်းသား (၈၀၆) ဦးနှင့် ကျောင်းသူ (၁၂၇၈) ဦး၊ စုစုပေါင်း(၂၀၈၄)ဦးရှိပြီး ဖြေဆိုသူကျောင်းသား (၇၉၆) ဦးနှင့် ကျောင်းသူ (၁၂၇၅) ဦး၊ စုစုပေါင်း (၂၀၇၁) ဦး ဖြေဆိုကာ ဖြေဆိုရန်ပျက်ကွက်ကျောင်းသား (၁၀) ဦးနှင့်ကျောင်းသူ () ဦး စုစုပေါင်း (၁၃) ဦးရှိကြောင်း‌ မြို့နယ်ပညာရေးမှူးရုံး စာရင်းအရသိရှိရသည်။

ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများပူးပေါင်း၍ အတွင်းစည်း၊ အပြင်စည်းလုံခြုံရေးတာဝန်များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)