သုံးခွမြို့ အ.ထ.က (၂) တွင် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲပြုလုပ်

သုံးခွ ဇွန် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ​ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ဇွန်လ ၁၁ ရက်နေ့ နံနက်၁၀ နာရီခွဲက အထက (၂) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှ သွားနှင့်ခံတွင်းဘက်ဆိုင်ရာဆရာဝန် ဒေါက်တာသင်းနန္ဒာဆွေက သွားတစ်‌ချောင်းဖွဲ့စည်းတည်ဆောက်ပုံ၊ သွားနှင့်ခံတွင်းဆိုင်ရာရောဂါသုံးမျိုးအကြောင်း၊ မဖြစ်ပွားစေရန်၊ ဆောင်ရန်၊ ရှောင်ရန်အချက်များနှင့် သွားတိုက်ချိန်နှင့်သွားတိုက်နည်းစနစ် မှန်ကန်စေရေးအ ကြောင်းအရာများကိုလည်းကောင်း၊ ဦးကောင်းဆက်နိုင်၊ ကြီးကြပ်ရေးမှူးအဆင့်(၁)က ဆေးလိပ်၊‌ ဆေးရွက်ကြီး၊ Vape  ၊အီးစ်စီးကရက်၊ ကွမ်းယာ၊ အရက်၊ မူးယစ်ဆေးဝါးများ၏ ဆိုးကျိုးများ၊ စူးစမ်း၊ စမ်းသပ်သုံးစွဲခြင်းမပြုရန်လိုအပ်ပုံ၊ သားဖွားဆရာမဒေါ်‌အေးဝင်းဌေးက မျိုးဆက်ခြားကျန်းမာရေးအကြောင်း၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ၊ မြို့နယ်သူနာပြုတပ်ဖွဲ့မှတပ်စုမှူး ဦးလင်းနိုင်ထွန်းက ‌သဘာဝဘေးအန္တရယ်များအကြောင်းနှင့် ‌ရှေးဦးပြုစုခြင်းအကြောင်း အရာများတို့ကို အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ကျောင်းအုပ်ဆရာမကြီးဒေါ်ဆွေဆွေဝင်း၊ ဆရာဆရာမများ ၊ အထက်တန်းကျောင်သား/ကျောင်းသူ(၂၇၀)ဦးတို့ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

စည်သူလင်း