ဇေယျာသီရိမြို့နယ်၌ ငလျင်ဘေး၊ ရေဘေးအသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြ

ဇေယျာသီရိ ဇွန် ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်မီးသတ်ဦးစီးဌာနမှ ငလျင်ဘေး၊ ရေဘေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ပြည်စံအောင် အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဇေယျာသီရိမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းသူနှင့် တပ်ဖွဲ့ဝင်များ၊ ဇေယျာသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ဇော် ဟိန်းနှင့် တာဝန်ရှိသူများက ပြည်စံအောင်အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ငလျင်ဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်းနိုင်မှုမရှိကြောင်း၊ နေ့ညအချိန်မရွေးလှုပ်ခတ်နိုင်ပြီး အဖျက်စွမ်းအားကြီးမားသည့် ဘေးအန္တရာယ်တစ်ခုဖြစ်သည့်အတွက် ငလျင်၏သဘာဝများ၊ ငလျင်ကြောင့် အသက်အန္တရာယ် ကင်းရှင်းစေရေးအတွက် နေထိုင်ပြုမှုရမည့်အချက်များ၊ ငလျင်လှုပ်နေစဉ် ဆောင်ရွက်ရန်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ဆောင်ရွက်ရန်အချက်များအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)