အမရပူရ ဇွန် ၁၆
မန္တလေးငလျင်ကြောင့် G-12 တက္ကသိုလ်ဝင်တန်းစာမေးအဖြေလွှာများ မီးလောင်ဆုံးရှုံးခဲ့သောကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုပြန်လည်ကျင်းပခဲ့ရာအမရပူရခရိုင်၊ အမရပူရမြို့နယ်၊ ဆင်စွယ်ပွတ်ရပ်ကွက်၊ အမှတ် (၂) အခြေခံပညာအထက်တန်း ကျောင်းနှင့် နတ်ရေကန်ကျေးရွာအုပ်စုရှိ ယန္တယားအခြေခံပညာအထက်တန်းကျောင်းတို့တွင် ယနေ့နံနက် ၉ နာရီအချိန်က G-12 တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာ စတင်ဖြေဆိုလျက်ရှိသည်။
စာမေးပွဲဖြေဆိုရာသို့ အမရပူရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်း၊ ခရိုင်ရဲမှူး ဒုတိယရဲမှူးကြီး ကျော်သာဦး၊ ခရိုင်လဝကမှူး ဦးမျိုးခိုင်၊ ခရိုင်ပညာရေးမှူး ဒေါ်ထုလွမ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးဝင်းသန်း၊ မြို့နယ်လဝကမှူး ဦးတင်ကိုကိုဝင်းနှင့် မြို့နယ်ပညာရေးမှူး ဒေါ်ထားထားစိန်းတို့မှ စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူများအား အနီးကပ်လာရောက်အားပေးခဲ့ကြပြီး ကျောင်းသား/ သူများ၏ ကျန်းမာရေးအနီးကပ်စောင့်ရှောက်မှုအနေဖြင့် မြို့နယ်ကျန်းမာရေးမှ ဒေါက်တာထက်ကောင်းနှင့်အဖွဲ့မှ စောင့်ရှောက်လျက်ရှိသည်။ အမရပူရမြို့နယ်အတွင်း ယနေ့ တက္ကသိုလ်ဝင်တန်းဖြေဆိုသူ စာရင်းရှိ ၇၇၀ ဦးအနက် ကျား ၁၄ ဦး မ ၇ ဦး ပျက်ကွက်သဖြင့် လက်ရှိဖြေဆိုသူ ၇၄၉ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စိုးသီဟ(အမရ)