မရမ်းကုန်း ဇွန် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်ရှိ ရပ်ကွက်များ သန့်ရှင်းသာယာလှပစေရေးနှင့် ရေစီးရေလာကောင်းမွန်ရေး ဇွန် ၁၂ ရက်နေ့ နံနက် ၇ နာရီတွင် အမှတ်(၅)ရပ်ကွက်၊ ဗဟိုလမ်းနှင့် တံတားကြီးချောင်းတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ဝန်ထမ်းများ စုစုပေါင်းအင်အား(၂၆)ဦး၊ လုပ်ငန်းခွင်သုံးမော်တော်ယဥ်များဖြင့် ဗဟိုလမ်းရှိ သစ်ရွက်ခြောက်အမှိုက်များ ရှင်းလင်းခြင်း၊ မြက်ပင်/ချုံနွယ်များ ရှင်းလင်းဆောင်ရွက်ခြင်း၊ သန့်ရှင်းသာယာသပ်ရပ်စေရေးအတွက် မလွတ်ကင်းသည့် သစ်ပင်/သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
ထို့နောက် တံတားကြီးချောင်းတွင် ရေစီးရေလာကောင်းမွန်စေရန် အမှိုက်များ ဆယ်ယူရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ရပ်ကွက်နေပြည်သူများအား အမှိုက်များ စည်းကမ်းတကျစွန့်ပစ်ကြရန် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရှိရသည်။
ဝေယံ (ပြန်/ဆက်)