နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ပြန်လည်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် ဇွန် ၁၆

စီ၊ ဇမ္ဗူသီရိခန်းမ၌ ၂ဝ၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာပြန်လည်ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ကျင်းပရာ ‌နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် စာမေးပွဲဖြေဆိုစဉ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ သွားလာမှုအဆင်ပြေစေရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရေး၊ စာစစ်ဌာနများတွင် ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝပေးရေး၊ လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရေး၊ မီးဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ပတ်ဝန်းကျင်ဆူညံမှုမရှိစေရေး၊ မေးခွန်းလွှာများအချိန်မီရောက်ရှိရေးနှင့် အဖြေလွှာများအချိန်မီပို့ဆောင်နိုင်ရေး၊ အရေးပေါ်အခြေအနေများအတွက် ကြိုတင်စုဖွဲ့ပြင်ဆင်ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ထားနိုင်ရေး၊ စာမေးပွဲဖြေဆိုစဉ်ကာလအတွင်း အနှောင့်အယှက်များ၊ အခက်အခဲများမရှိဘဲ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် အုပ်ချုပ်ရေးအပိုင်းတာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိ၊ ရပ်ဖများနှင့် တာဝန်ရှိဌာနဆိုင်ရာများအားလုံးမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ပြန်/ဆက်)