ဒက္ခိဏသီရိမြို့နယ်၌ သဘာဝဘေးအသိပညာပေးဟောပြောခြင်းနှင့် ဇတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်

နေပြည်တော် ဇွန် ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌ ငလျင်ဘေး၊ ရေဘေးအသိပညာပေးဟောပြောခြင်းနှင့် ဇတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊  ချင်းတွင်းအထည်ချုပ်စက်ရုံတွင်  ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒက္ခိဏသီရိမြို့နယ် မီးသတ်ဦးစီးအရာရှိ  ဦးအောင်ရာဇာဖြိုးက ငလျင်ဘေး၊ ရေဘေးအန္တရာယ်ဖြင့် ရင်ဆိုင်ကြုံတွေ့လာရပါက ထိခိုက်ပျက်စီးမှု အနည်းဆုံး ဖြစ်စေရန်၊ မိမိကိုယ်ကိုယ်မထိခိုက်အောင်ကာကွယ်တတ်စေရန်၊ ဘေးအန္တရာယ်အမျိုးအစား အလိုက် အမျိုးအကာကွယ်ရမည့် နည်းလမ်းများနှင့် အန္တရာယ်ရှိအဆောက်အဦမှ ဘေးလွတ်ရာနေရာသို့ စနစ်တကျ ရှောင်တိမ်းတတ်စေရန် ရည်ရွယ်၍ သဘာဘေးအန္တရာယ်နှင့် ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်အချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ငလျင်ဘေးနှင့်ရေဘေးဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်ခန်းများ လက်တွေ့ပြုလုပ်ခြင်းများကို ဌာနဆိုင်ရာများ၊ ကြက်ခြေနီအသင်းများနှင့် ပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်သူရဦး (ပြန်/ဆက်)