တပ်ကုန်း ဇွန် ၁၅
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ပြည့်စိုးသည် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက တပ်ကုန်းမြို့နယ် သမဝါယမအသင်းစု အဆောက်အအုံအတွင်း ဆောင်ရွက်နေသော “လှ” ချည်မျှင်ထုတ်လုပ်ရေး သမဝါယမအသင်း လီမီတက် ဝါကြိတ်စက်၊ ဝါဖိစက်၊ ရက်ကန်းစက်များ လည်ပတ်နေမှု၊ ကုန်ကြမ်းသိုလှောင်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တပ်ကုန်းမြို့နယ်အတွင်း မိုးဝါစိုက် ပျိုးဧက (၃၀၀၀) စိုက်မည့်အပေါ် ဧကပြည့်မီအောင် ဖွဲ့စည်းနိုင်ရေး၊ ရရှိပြီးဧကများ အထွက်နှုန်း ကောင်းမွန်သည့် ဝါမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းကောင်း ဝါမျိုးများနှင့် သွင်းအားစုများအား ဝါစိုက်တောင်သူများ လက်ဝယ်စိုက်ပျိုးချိန်အမီ ရောက်ရှိစေရေးနှင့် လိုအပ်သည့်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်