တာချီလိတ် ဇွန် ၁၅
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နှစ် (၃၀) ပြည့် ပုလဲရတုနှစ်ပတ်လည်နေ့အထိမ်းအမှတ် တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်ပွဲအခမ်းအနားကို ဇွန်လ ၁၅ ရက် နေ့ နံနက် ၉ နာရီက မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဝှေလေလန်ကျေးရွာ ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ခရိုင်ဦးစီးမှူး ဦးမင်းနိုင်ဦးက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ရပ်ကွက်နှင့်ကျေးရွာများသို့ ကွင်းဆင်း၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုကို ရှင်းလင်းပြောကြားကာ ရှမ်းပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်မျိုးက လိုအပ်သည်များ ဖြည့်စွက်ပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နှစ် (၃၀) ပြည့် ပုလဲရတုနှစ်ပတ်လည်နေ့အထိမ်းအမှတ် ဗီဒီယိုဖွင့်လှစ်ပြသသည်။
ထို့နောက် ရှမ်းပြည်နယ်ဦးစီးမှူး ဦးအောင်မျိုး၊ ခရိုင်ဦးစီးမှူး ဦးမင်းနိုင်ဦး၊ မြို့နယ်ဦးစီးမှူး ဦးသက်ဆွေဦးနှင့် တာဝန်ရှိသူတို့က ပန်းခင်းစီမံချက် (၃) ဖြင့် ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၉၇) ကတ်ကို ပြည်သူတစ်ဦးချင်းလက်ဝယ်အရောက် ပေးအပ်သည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မိုင်းဖုန်း (ခ) ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများအား Biometric Data များ ကောက်ယူပေးခဲ့ကြောင်း သိရသည်။
သန်းဇော်(တာချီလိတ်)