တောင်ဥက္ကလာပမြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေး ဗီနိုင်းချိတ်ဆွဲထားရှိမှုများအား ကွင်းဆင်းဆောင်ရွက်

တောင်ဥက္ကလာပ ဇွန် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၌ ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ရောင်းချရသောဆိုင်များတွင် အခွန်ဆိုင်ရာအသိပညာပေး ကြေညာချက်နှင့်ပတ်သက်၍ အများပြည်သူသိရှိနိုင်ရေး အသိပေးကြေညာချက် ဗီနိုင်းချိတ်ဆွဲခြင်းကို ယနေ့နံနက်ပိုင်းအချိန်က ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့ဆောင်ရွက်ရာတွင် တောင်ဥက္ကလာပမြို့နယ် အခွန်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးသဇင်ဟန် ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့်မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့ပူးပေါင်း၍ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြေစာတံဆိပ်ကပ်နှိပ်ရောင်းချသောဆိုင်များတွင် “နိုင်ငံကြီးသားပီသစွာ ဤဆိုင်တွင်အခွန်ဆောင်ပါ” ဟူသော ကြေညာချက်ဗီနိုင်းကို  ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး   ထပ်မံချိတ်ဆွဲခြင်း၊  စစ်ဆေးခြင်းများ  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)