မုဒုံ ဇွန် ၁၅
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် (၃၈) ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် (၈) နာရီက ကန်ကြီးဓမ္မရာဇိန်ကျောင်းတိုက်ရှိ ဓမ္မာရုံ၌ ပြုလုပ်သည်။
ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့ပြီး ဓမ္မရာဇိန်ကျောင်းဦးစီပဓာနနာယက ဆရာတော်ကြီးထံမှ ပြည်နယ်ဝိုင်အမ်ဘီအေအသင်းနာယက ဦးဝင်းနိုင်ဦး၊ မုဒုံမြို့နယ်တပ်နယ်မှူး၊ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်/ မြို့နယ် (YMBA)အသင်း၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများက သီလတော်မြတ် ခံယူဆောက်တည်ကြ၍ သြဝါဒကထာ ချီးမြှင့်ခဲ့သည်။ ထို့နောက် သြဝါဒစရိယဆရာတော်ကြီးများအား တာဝန်ရှိသူများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆပ်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲတွင် ဗဟိုအဆင့်၊ ပြည်နယ်၊ မြို့နယ်တို့တွင် ထူချွန်းစွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူ (၈၂) ဦးအား အောင်လက်မှတ်နှင့် ဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ဓမ္မရာဇိန်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝရုဏထံမှ အနုမောဒနာတရားချီးမြှင့်၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်းရွတ်ဆို အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ရာမည(ပြန်/ဆက်)