ချမ်းအေးသာစံ ဇွန် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်အတွင်း စာဖြေဌာနာများ အနီးပတ်ဝန်းကျင် နေအိမ်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းတွင် ခရိုင်မီးသတ်ဦးစီးမှူး၏ လမ်းညွှန်မှုများဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် အမှတ်(၁၆) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၁၂) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၁၄) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းများ၏ အနီးပတ်ဝန်းကျင် နေအိမ်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကိုကို ဦးဆောင်လမ်းညွှန်မှုဖြင့် ဆောင်ရွက်ခဲ့သည်။
မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကိုကို ဦးဆောင်လမ်းညွှန်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့ဖြင့် တစ်အိမ်တက်ဆင်း မီးငြိမ်းသတ်ရေး ပစ္စည်းကိရိယာများ ကောင်းမွန်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအနေဖြင့် စစ်ဆေးသတိပေးခြင်း ရှောင်ရန်ဆောင်ရန်အချက်များ အကြံပေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးခြင်းများအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်