ရန်ကင်း ဇွန် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၌ ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ရောင်းချသော ဆိုင်များတွင် အခွန်ဆိုင်ရာအသိပညာပေး ကြေညာချက်နှင့်ပတ်သက်၍ အများပြည်သူ သိရှိနိုင်ရေး အသိပေးကြေညာချက်ဗီနိုင်းချိတ်ဆွဲခြင်းကို ဇွန်လ ၁၃ ရက်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးဇော်ဝင်းထွန်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့က ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ရန်ကင်းမြို့နယ်အတွင်းရှိ “နိုင်ငံကြီးသားပီသစွာ ဤဆိုင်တွင်အခွန်ဆောင်ပါ” ဟူသော ကြေညာချက်ဗီနိုင်းကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ထပ်မံချိတ်ဆွဲခြင်း၊ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)