ကျိုင်းတုံမြို့၌ ရဲတပ်ဖွဲ့ဝင်/စာရေး ဝန်ထမ်းများ၏ သား၊ သမီး ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ် ပေးအပ်ပွဲကျင်းပ

ကျိုင်းတုံ ဇွန် ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရဲတပ်ဖွဲ့ဝင်/စာရေးဝန်ထမ်းများ၏ သား၊ သမီး ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ်ပေးအပ်ပွဲကို ယမန်နေ့က ကျိုင်းတုံခရိုင် ရဲတပ်ဖွဲ့မှူးရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး (ကျိုင်းတုံ) ရဲမှူးကြီး မောင်မောင်အေးက အမှာစကားပြောကြားပြီး ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံး(ကျိုင်းတုံ)၊ ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးများရှိ ရဲတပ်ဖွဲ့ဝင်နှင့် စာရေးဝန်ထမ်းများ၏ သား၊ သမီး အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ၁၅၈ ဦးအတွက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာသင်စရိတ် ငွေကျပ် ၃၆ သိန်းနှင့် စာရေးကိရိယာ  ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)