ညောင်ရွှေမြို့ဝန်းကျင်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လူနေရပ်ကွက်အချို့နှင့် လယ်စိုက်ခင်းများ ရေနှစ်မြုပ်မှု ဖြစ်ပေါ်

ညောင်ရွှေ ဇွန် ၁၅

ရှမ်းပြည်နယ် ညောင်ရွှေမြို့နှင့် ပတ်ဝန်းကျင်ဒေသများတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရွှေညောင် - ညောင်ရွှေ ကားလမ်းမအချို့နေရာများ၌ ရေလွှမ်းကျော်မှုများဖြစ်ပေါ်ခြင်း၊ နဒီကန်နှင့် သာစည်ကန်ရေမျက်နှာပြင်မြင့်တက်ခြင်း၊ မြေနိမ့်ပိုင်းလူနေရပ်ကွက်များဖြစ်သည့် သာစည် ရပ်ကွက်၊ ကန်သာရပ်ကွက်နေရာအတော်များများနှင့် မြို့လည်ရပ်ကွက်၊ ဝင်းရပ်ကွက်များအတွင်း လမ်းအချို့နှင့် လူနေအိမ်အချို့တို့တွင် ရေလွှမ်းရေကျော်မှုများ ဖြစ်ပေါလျက်ရှိပြီး စပါးစိုက်ခင်းအချို့ ရေနစ်မြုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေလွှမ်းရေကျော်မှုကြောင့် လူနှင့်အိမ်မွေးတိရစ္ဆာန်များ ထိခိုက်သေဆုံးမှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်းနှင့် လိုအပ်လာပါက အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာမှယာယီကူညီကယ်ဆယ်ရေး စခန်းများဖြင့် လှစ်ထားရှိပြီး အသင့်ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

စိုင်းအယ်ဘဲ