မုဒုံ ဇွန် ၁၅
မွန်ပြည်နယ် မုဒုံမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်း၊ Biometric အချက်အလက်များ ကောက်ယူခြင်းနှင့် UID ထုတ်ပေးခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက် ၉ နာရီက ကွမ်တာကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဆန်းဦးကကြီးကြပ်၍ ဝန်ထမ်းများက ပန်းခင်း (၃) စီမံချက်အရ ကွင်းဆင်းဆောင်ရွက်ပေးထားသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဒေသခံပြည်သူများအား ထုတ်ပေးခြင်းနှင့် ကျေးရွာနေပြည်သူများအား ဇီဝဆိုင်ရာ အချက်အလက် (Biometric) ကိုယ်ရေးအချက်အလက်များ ကောက်ယူကာ UID ကတ်များ ထုတ်ပေးခြင်း လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရာမည (ပြန်/ဆက်)