ရန်ကုန် ဇွန်လ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် မြို့နယ်ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပုံပြင်ပြောပွဲတွင် ကမာရွတ်မြို့နယ် အမှတ်(၁) မူလတန်းကျောင်းအုပ်ကြီးမှ အမှာစကားပြောကြားပေးပြီး ကမာရွတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စိမ်းလဲ့က စာဖတ်ခြင်း၏အကျိုးကျေးဇူး၊ စာဖတ်သည့်အလေ့အထ ဖြစ်ပေါ်လာစေရန်နှင့် နေ့စဉ်နှင့်အမျှ ပြောင်းလဲတိုးတက်နေတဲ့ ကမ္ဘာကြီးမှာ နေထိုင်ကြတာ၊ တဖြည်းဖြည်းနှင့် စာအုပ်၏အခန်းကဏ္ဍဟာလည်း ပိုပြီးအရေးပါလာကြောင်း၊ ခေတ်မီတိုးတက်ပြောင်းလဲလာသော လူနေမှုပတ်ဝန်းကျင်အသိုင်းအဝန်း၊ အဆင့်အတန်းမြင့်မားလာမှုများကြောင့် မြန်မာလူငယ်များအနေနှင့်လည်း နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်အောင် အပတ်တကုတ် ကြိုးစားရန် လိုအပ်လာကြောင်းကို အသိပညာပေးခဲ့ပြီး၊ စာကြည့်တိုက်လက်ထောက်(၃)မှ ဇာတ်လမ်း-မနှင်းဖွေး သရုပ်ဖော် ထွန်းထွန်းဝင်(ရန်ကုန်တက္ကသိုလ်)၏ တန်ဖိုးကိုယ်စီ ရုပ်ပြအသိပညာပေး စာအုပ်အား ဖတ်ပြပေးပြီးကျောင်းသူ၊ ကျောင်းသားများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသူ၊ ကျောင်းသားများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်များအား စိတ်ဝင်းစားစွာ ဖတ်ရှုလေ့လာခြင်းနှင့် ပြသထားသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်အား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)