လသာမြို့နယ်၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

လသာ ဇွန် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ပူးပေါင်း၍ ဇွန် ၁၁ ရက်နေ့ နေ့လယ် ၁၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမတွင် စာရေးဆရာ တက္ကသိုလ်ဟန်မင်းဦးရေးသားသည့် “ကျွန်တော်ပရဟိတသမားပါ” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် (Book Club) အဖွဲ့ဥက္ကဋ္ဌ ဦးသူရ‌ဇော်က အမှာစကားပြောကြားခဲ့ပြီး၊ စာရေးဆရာမတင့်တယ်ခင်က မုဒိတာစကား‌ပြောကြားကာ လသာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ‌ ဒေါ်နန်းသဲနု‌အောင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက် စာရေးဆရာတက္ကသိုလ်ဟန်မင်းဦးက “ကျွန်‌ တော်ပရဟိတသမားပါ” ဆောင်းပါးကို ဖတ်ကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသည့် မြို့နယ် (BookClub) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင် စာရေးဆရာ/ဆရာမများက စာရေးဆရာ တက္ကသိုလ်ဟန်မင်းဦးရေးသားသည့် “ကျွန်တော်ပရဟိတသမားပါ” ဆောင်းပါးတွင် ပါဝင်သည့်အကြောင်းအရာတို့ကို ကောက် နုတ်ဆွေး‌နွေးနှိုင်းယှဉ်၍ ပြန်လည်ဆွေးနွေးခဲ့ပြီး၊ စာရေးဆရာ တက္ကသိုလ်ဟန်မင်းဦးက အနှစ်သာရများအား ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

နေလင်း (ပြန်/ဆက်)