မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲကျင်းပ

မက်မန်း ဇွန် ၁၄

ရှမ်းပြည်နယ်“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း ပညာသင်ကြားနေသောကျောင်းသား၊ ကျောင်းသူများအား ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန်အတွက် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မက်မန်းမြို့ အခြေခံပညာအထက်တန်း ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မက်မန်းမြို့နယ် ပြည်သူ့ဆေးရုံမှမြို့နယ်ဦးစီးမှူး ဒေါက်တာတိုးသူရအောင်က ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကျန်းမာရေးမှူးဦးမင်းမင်းစိုး၊ အမျိုးသမီးရေးရာကျန်းမာရေးဆရာမ ဒေါ်သီတာချမ်းအေး၊ ကြီးကြပ်-၂ ဒေါ်ရွှေနွယ်ထွန်းနှင့် ကြီးကြပ်-၂ ဦးရှီးမွန်တို့က မိုးရာသီကာလအတွင်း အဖြစ်များသောရာသီတုပ်ကွေးများအကြောင်း၊ COVID-19 ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများအကြောင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါများနှင့်ပတ်သက်ပြီး လိုက်နာသတိပြုဖွယ်နှင့် ဆောင်ရန်ရှောင်ရန်အချက်များအကြောင်း၊သွားနှင့်ခံတွင်း ကျန်းမာရေးဆိုင်ရာသိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပြီး သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွား ရသည့်အကြောင်းရင်းနှင့်  ကြိုတင်ကာကွယ်ရေးနည်းလမ်းများအကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်တို့ကို သံချဆေးတိုက်ကျွေး ပေးခဲ့ကာ “သွေးလွန်တုပ်ကွေးတိုက်ဖျက်ရေး အားလုံးပါဝင်ဆောင် ရွက်ပေး” သတင်းစကားလက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

အေဇ‌က်ထွန်း