မိတ္ထီလာမြို့၌ ရှာဖွေကယ်ဆယ်ရေးတိုက်ပွဲဝင်အသင့် ဇာတ်တိုက်လေ့ကျင့်မှုဆောင်ရွက်

မိတ္ထီလာ ဇွန် ၁၄

မိတ္ထီလာမြို့ဝန်ဇင်းရပ်ကွက်အနီး မိတ္ထီလာမြောက်ကန်၌ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ ဦးဆောင်ပြုလုပ်သောရှာဖွေကယ်ဆယ်ရေးတိုက်ပွဲဝင်အသင့် ဇာတ်တိုက်လေ့ကျင့်မှု အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ဦးစွာခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်မြင့်ဦးက အမှာစကားပြောကြားသည်။ ဆက်လက်၍ ခရိုင်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူး ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းက ရှာဖွေ ကယ်ဆယ်ရေးတိုက်ပွဲဝင်အသင့် ဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်သည့်အကြောင်းကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် ခရိုင်ဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးပစ္စည်းကိရိယာများ ခင်းကျင်းပပြသထားမှုကို ကြည့်ရှုစစ်ဆေးသည်။ ၎င်းနောက် မိတ္ထီလာ မြောက်ကန်အတွင်း၌ ပြုလုပ်သည့် ရေကြီးမှု၌ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်နေမှုများကို ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်ဌာနဆိုင်ရာများ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ချမ်းသာ