အလုံမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကျင်းပ

အလုံ ဇွန် ၁၄

အလုံမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက အမှတ်(၄)အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်ချိုပြုံးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိမွန်က စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်အသိပညာပေး လှုပ်ရှားဆောင်ရွက်မှု အခြေအနေများ၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြင်ပ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို ဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်၍ ပုံပြင်ပြောပြိုင်ပွဲတွင် မဂျူးအိမ့်စံနှင့် မောင်စျာန်လင်းထက်တို့မှ စိတ်ကြိုက်ပုံပြင်များဖြင့် ယှဉ်ပြိုင်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ကျောင်းအုပ်ဆရာမကြီးတို့က မေတ္တာလက်ဆောင်ဆုများ အသီးသီး ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ကလေးကြိုက်ရုပ်ပြများ၊ ပုံပြင်စာအုပ်များ၊ တေဇရုပ်ပြစာအုပ်များပြသခဲ့ပြီး လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ယောဧရာ