စမ်းချောင်း ဇွန် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့မွန်းလွဲ(၁)နာရီက ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဖြူသွယ်ထွန်းက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းအသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ ဒုတိယဦးစီးမှူးဒေါ်သန္တာမြင့်မြင့်ကျော်က ပြိုင်ပွဲများဆောင်ရွက်ပေးခြင်းဖြင့် ကျောင်းသား/ကျောင်းသူ များ ပြည်သူ့စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးမှုရှိစေရန် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေပြီး ပူးပေါင်းဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ စမ်းချောင်းမြို့နယ်အမှတ် ၁၃ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများ၀င်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင်ဆုရရှိကြသော ကျောင်းသား/ကျောင်းသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။ ယင်းနောက် ကျောင်းသား/ကျောင်းသူလေးများက ပြသထားသော အသိပညာပေးနံရံကပ်စာ စောင်နှင့် စာအုပ်စာစောင်များအား စိတ်ပါ၀င်စားစွာ ကြည့်ရှု့ခဲ့ကြကြောင်းသိရသည်။
ဖြူသွယ်ထွန်း