မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများအား အထွက်တိုးစပါးမျိုးစေ့နှင့် သွင်းအားစုများ ပေးအပ်ပွဲကျင်းပ

အမရပူရ ဇွန် ၁၄

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်အတွင်းရှိ အခြေခံသမဝါယမအသင်း ၃ သင်းမှ အသင်းသားတောင်သူ ၅၄ ဦး၊ စိုက်ဧက ၃၅၆ ဧကအတွက် မြို့နယ်သမဝါယမအသင်းစုပံ့ပိုးငွေဖြင့် အထွက်တိုးစပါးမျိုးစေ့နှင့်သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားကို ဇွန်လ ၁၂ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က ဂျိုကျေးရွာစိုက်/ထွေသမဝါယမအသင်းဥက္ကဋ္ဌနေအိမ်တွင် ပြုလုပ်ခဲ့သည်။

ဦးစွာ မန္တလေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးထွန်းဇော်ဦးက အမှာစကားပြောကြားပြီး အသင်းသားတောင်သူများကို အထွက်တိုးစပါးမျိုးစေ့နှင့်သွင်းအားစုများကို ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးထွန်းဇော်ဦးနှင့် လက်ထောက်ညွှန်ကြားရေးမှူးဦးမျိုးဝင်းအောင်၊ အမရပူရမြို့နယ် ဆည်မြောင်းနှင့် ရေသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးဇော်ဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယဦးစိးမှူးဒေါ်သီတာအေး၊ မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိဦးမောင်မောင်လေးနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌဦးသိန်းမြင့်နှင့် အမှုဆောင်များ၊ အသင်းသားတောင်သူများတက်ရောက်ခဲ့ကြသည်။

စိုးသီဟ