မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ ၂၀၂၅ ခုနှစ်၊ မိုးရာသီစု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲ တက်ရောက်

မန္တလေး ဇွန် ၁၄

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအား ယနေ့ နံနက် ၇ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ စွယ်တော်မြတ်စေတီတော်ဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။    

အဆိုပါ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တက္ကသိုလ်များမှပါမောက္ခချုပ်များ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ကျောင်းသား/ ကျောင်းသူများ၊ NGO အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့် မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ တိုင်း/ ခရိုင်/မြို့နယ်ဝန်ထမ်းများ စုစုပေါင်းအင်အား (၁၂၀၀)ဦးဖြင့် မဟော်ဂနီ၊ ပိတောက်၊ တပေဘူတ(အပြာ)၊ ငုရွှေဝါ၊ ကံ့ကော်၊ စိန်ပန်းနီ၊ ခရေ၊ စိန်ပန်းပြာ၊ မယ်ဇယ်၊ သင်္ဘောတည်၊ ယင်းမာ၊ တမာ၊ တပေဘူတ၊ လင်းလွန်း၊ ပျဉ်းကတိုး စသည့် သစ်မျိုး (၁၅)မျိုး၊ စုစုပေါင်း (၁၂၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)