ဒဂုံ(ဆိပ်ကမ်း) ဇွန် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ညောင်ပင်ကျေးရွာ၊ စက်မှုဇုန်(၄)၊ နှင်းဆီလမ်း၊ မြေကွက်အမှတ်(၄)၌ ယမန်နေ့နေ့လယ် ၁:၄၅ နာရီအချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်ရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးညီညီထွန်းဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင် (၄၄)ဦး၊ အရန်တပ်ဖွဲ့ဝင်(၃၂)ဦးတို့သည် မီးငြိမ်းသတ်ယာဉ် (၅)စီး၊ ရေသယ်ယာဉ် (၃)စီးတို့ဖြင့် အချိန်မီ မီးငြှိမ်းသတ်ခြင်းများဆောင်ရွက်ခဲ့ရာ ၂:၁၁ အချိန်တွင် မီးထိန်းခဲ့ပြီး ၂:၃၈ နာရီအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ (၁၀၀)ဝပ်မီးသီးအား အချိန်ကာလကြာမြင့်စွာ ပလပ်စတစ်ခုံပေါ်သို့ ယာယီသုံးစွဲ တင်ထားခဲ့ရာမှ ပအူလွန်ကဲပြီး ပလပ်စတစ်ထိုင်ခုံသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် (၂၀ x ၄၀) ပေ အုတ်ညှပ် (၁)ထပ်အဆောက်အဦး၊ ဆန်ကွဲအိတ် (၂၀)အိတ်နှင့် ပလပ်စတစ်ကော်ခုံ (၅)ခုံတို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖြိုးစန္ဒာ (ပြန်/ဆက်)