မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ သတင်းမီဒီယာသင်တန်းအမှတ်စဉ် (၃) ဖွင့်လှစ်

ရန်ကုန် ဇွန် ၁၄

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ သတင်းမီဒီယာဖွံ့ဖြိုးရေးကော်မတီက စီစဉ်ဖွင့်လှစ်သည့် သတင်းမီဒီယာသင်တန်းအမှတ်စဉ်(၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇွန် ၁၃ ရက်နံနက်ပိုင်းက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရုံး သင်တန်းခန်းမ၌ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားတွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ သတင်းမီဒီယာဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့‌ခေါင်းဆောင်ဒုတိယဥက္ကဋ္ဌ(၂)ဦးခင်မောင်ကျော်ဒင်က သင်တန်းဖွင့်လှစ်နိုင်မှုအ‌ခြေအ‌‌နေ၊ သင်တန်းဖွင့်လှစ်ခြင်းရည်ရွယ်ချက်များနှင့်ပတ်သက်၍ မိတ်ဆက်စကားပြောကြားသည်။

အဆိုပါသင်တန်းကို အပတ်စဉ်သောကြာနေ့တိုင်းဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းဆရာများဖြစ်သည့် ဆရာဦးခင်မောင်‌ဇော်က International Relations ဘာသာရပ်၊ ဆရာဦးသိုက်ထွန်းက Broadcasting Media  ဘာသာရပ်၊ ဆရာဦးမင်းမြတ်စိုးမိုး က App.Monetisation ဘာသာရပ်၊ ဆရာဒေါက်တာတင်‌အောင်က Media Counter ဘာသာရပ် တို့ကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)