သာကေတမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြိုအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကျင်းပ

သာကေတ ဇွန် ၁၄

၂၀၂၅ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုအသိပညာ ပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲအခမ်းအနားကို အ​ခြေခံပညာဦးစီးဌာနနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ ယမန်နေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ သံလွင်ခန်းမတွင် ကျင်းပခဲ့ရာမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူးသူရိန်ဇော်၊ အဖွဲ့ဝင်(၂)ဦးညွန့်ဝေ၊ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူး ညွှန့်ဝင်း၊ မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club)ဥက္ကဋ္ဌ စာရေးဆရာမ ဒေါ်နန်းဟင်းပြင်း နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ဆရာမများ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့၊ရဲမှူးညွှန့်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)ဥက္ကဋ္ဌ စာရေးဆရာမ ဒေါ်နန်းဟင်းပြင်း၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဆောင်းနှင်းဖြူတို့က မူးယစ်ဆေးဝါးအန္တရာယ် သိကောင်းစရာများအားလည်းကောင်း အသီးသီးဟောပြောခဲ့သည်။

ဆက်လက်၍အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များအား​တက်ရောက်လာသည့် တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှု့ခဲ့ကြကြောင်း သိရှိရသည်။

သဲထက်ဇင်