ရပ်စောက် ဇွန် ၁၄
၂၀၂၅ ခုနှစ် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သော ရပ်စောက်မြို့နယ်ဘောလုံးအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲဝင်ဘောလုံးအားကစားသမားများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းစိုးနိုင်က ပြိုင်ပွဲဝင် ဘောလုံးအားကစားသမားများအား ဂုဏ်ပြုစကားပြောကြားပြီး ရပ်စောက်မြို့နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိုးသန်းဝင်းက အောင်ပွဲရရှိရေး အဆင့်ဆင့်ဆောင်ရွက်ခဲ့မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်း များပေးအပ်ပြီးနောက် ပြိုင်ပွဲဝင်ရပ်စောက်မြို့နယ်ဘောလုံးအသင်းကိုယ်စား ဂိုးဖမ်းသမား မောင်ဇွဲနိုင်ဌေး ကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။ထို့နောက် စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးပြီး အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်းသိရှိရသည်။
မြို့နယ်(ပြန်/ဆက်)