ပုဇွန်တောင် ဇွန် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ အခွန်အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးမြဦးက ပြည်တွင်းအခွန်များဦးစီးဌာနမှ ကောက်ခံလျက်ရှိသော အခွန်(၆)မျိုးအကြောင်း၊ ကုန်သွယ်ခွန်နှင့်ဝင်ငွေခွန်များအကြောင်း၊ အထူးကုန်စည်နှင့်ပြေစာအမှတ် တံဆိပ် အကြောင်း စသည့် အခွန်ဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်က ဖြည့်စွက်ရှင်းလင်းဆွေးနွေး ပေးခဲ့ပြီး အစည်းအဝေးတက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များက သိရှိလိုသည်များ မေးမြန်းခဲ့ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးမှ ပြန်လည်ဖြေရှင်းဆောင်ရွက်ခဲ့ပြီး ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ်၊ အခွန်အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးမြဦးနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဟန်စုယဉ်