ညောင်ရွှေမြို့ အမှတ်(၅)အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ

ညောင်ရွှေ ဇွန် ၁၄

“တိုးတက်မှုများထင်ရှားလည်း ပိုမိုဆောင်ရွက်ဖို့ ကြိုးပမ်းမှုအရှိန်အဟုန်မြှင့်တင်စို့” ဆောင်ပုဒ်ဖြင့် ၂၀၂၅-ခုနှစ် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ အမှတ်(၅)အခြေခံပညာမူလတန်းလွန်ကျောင်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ် ဦးစီးအရာရှိ ဦးနေမျိုးသူရိန်က ကလေးအလုပ်သမားအဓိပ္ပာယ်၊ ကလေးသူငယ်အခွင့်အရေးများနှင့် ဥပဒေပြဋ္ဌာန်းချက်များအကြောင်း၊ ကလေးအလုပ်သမားနှင့်ပတ်သက်သည့် အပြည်ပြည်ဆိုင်ရာပြဋ္ဌာန်းချက်များအကြောင်းနှင့် ကလေးအလုပ်သမားလျော့နည်းပပျောက်ရေး ရည်မှန်းချက်များအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/ ကျောင်းသူ‌လေးများ၏ သိရှိလိုသည့်မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။

‌ဟောပြောပွဲအပြီးတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ခင်းကျင်းပြသရာ ကျောင်းသား/ကျောင်းသူလေးများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်းနှင့် ၂၀၂၅-ခုနှစ် ကမ္ဘာကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်‌ရေး အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီမှ ထုတ်ဝေသည့် ချယ်ရီမြေလက်ကမ်းစာစောင်များကို ဝေငှပေးခဲ့ ‌ကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ